Estimate Cost ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Sharing လုပ်ပေးလိုက်ပါတယ် (အမှန်တော့ ဒီခေါင်းစဉ်က ကျနော့်ရဲ့ IDPM မှာ သင်တဲ့ course outline ထဲက တစ်ခုဖြစ်ပါတယ်)။ ဒီနေရာမှာ တစ်ခု အသိပေးချင်တာက အခု ကျနော်ပြောပြပေးမယ့် Estimate Cost ဆိုတာ ID တစ်ခုတည်းနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး၊ ဘယ် Industry နယ်ပယ်အမျိုးအစားမဆို အခုဖော်ပြမယ့်နည်းအတိုင်းပဲ Estimating လုပ်လို့ရပါတယ်။
ဒီခေါင်းစဉ်အောက်မှာပါမယ့် sub-title တွေအနေနဲ့ကတော့ -
1) What is estimate cost
2) Cost estimate tools and techniques
3) Cost estimate sample
4) What is project budget
5) Estimating tips and tricks တို့ပဲဖြစ်ပါတယ်။
ဒါဆိုရင် ကျနော်တို့ ဆက်ပြီးလေ့လာကြည့်လိုက်ကြပါစို့ -
1) What is Estimate Cost?
👉
Estimate cost ဆိုတာ Project (သို့) အလုပ်တစ်ခု
ပြီးမြောက်အောင်ဆောင်ရွက်ဖို့အတွက် လိုအပ်မယ့် Resources (Labour,
Materials, Equipments, Services, etc..) ရဲ့ Cost ကို ခန့်မှန်းတွက်ချက်တာ
ဖြစ်ပါတယ်။
👉
Cost estimate ဆိုတာ Activity
တစ်ခုချင်းစီကိုပြီးမြောက်အောင်ဆောင်ရွက်ဖို့ရန်အတွက်
ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ စျေးနှုန်းနဲ့ အရေအတွက်ကို Assessment
လုပ်မယ်၊ ပြီးရင် ကိုယ်သိရှိထားတဲ့ Information တွေအပေါ်မှာ အခြေခံပြီး
ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်းမှာ Prediction လုပ်တာပဲဖြစ်ပါတယ်။ အဲလို
လုပ်တဲ့အခါမှာလည်း Alternatives Costing အနေနဲ့လည်း Project အစကနေ
အဆုံးအထိကို စဉ်းစားထားရပါမယ်။ ပြီးတော့ cost trade-offs တွေ risks
တွေကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ် (ဥပမာ - ကိုယ်တိုင်လုပ်မှာလား
ဝယ်မှာလား (သို့) ဝယ်မှာလား ငှားမှာလား (သို့) project ရဲ့ cost
အခြေအနေပေါ်မူတည်ပြီးတော့ resources တွေကို sharing လုပ်ပြီးသုံးမှာလား
စသည်ဖြင့်) ကို cost estimation လုပ်တဲ့အခါ ထည့်စဉ်းစားခိုင်းတာပါ။
👉
Cost estimates လုပ်တဲ့အခါမှာ ပုံမှန်အားဖြင့်တော့ unit အပေါ်မှာ ငွေကြေး
(US$, Euro£, MMK, etc..) နဲ့ပဲအခြေခံပြီး ဖေါ်ပြကြပါတယ်။ သို့သော်လည်း
ငွေကြေးဖောင်းမှုဆိုင်ရာ ကိစ္စရပ်လိုမျိုးကိုလည်း
အဆင်ပြေလျောမွေ့စေဖို့ရန်အတွက် တခါတရံမှာ staff working hours (သို့) staff
working days တွေနဲ့လည်း unit of measure လုပ်ပြီး ဖော်ပြကြပါတယ်။
👉
နောက်ဆုံးအချက်အနေနဲ့ ပြောချင်တာကတော့ cost estimated လုပ်တဲ့အခါမှာ
Project အတွက် ကုန်ကျမယ့် resources အားလုံးရဲ့ စရိတ်ကို ထည့်တွက်ရပါမယ်
(ဥပမာအားဖြင့် - labour, materials, equipments, services, facilities,
etc..)။ အဲဒါတွေအပြင် ငွေးကြွေးဖောင်းပွမှုတွေ၊ cost of financing
ဆိုင်ရာတွေ၊ contingency costs တွေကိုလည်း ထည့်ပေါင်းထားဖို့လိုပါတယ်။
ပြီးရင်တော့ အဲဒီ cost estimates တွေကို Activity level (သို့) Summary
form အနေနဲ့ ပြလို့ရပါတယ်။
ဒါဆိုရင်တော့ Estimate cost လုပ်တဲ့အခါမှာ ပါရမယ့်အချက်အလက်တွေ ထည့်စဉ်းစားရမယ့်အချက်တွေကိုနားလည်ပြီလို့ မျှော်လင့်ပါတယ်။
ကျန်တဲ့ Sub-title တွေရဲ့ အကြောင်းအရာကိုတော့ https://idpm-knowledgesharing.blogspot.com/2021/08/estimate-cost_1.html မှာ ဖတ်ရှုပေးပါ။
ကျေးဇူးတင်ပါတယ်။😊😊😊
21-9-2020
0 Comments