September 01, 2021 မှာ အသစ်ထွက်ရှိလာမယ့် North American Architectural Woodwork Standards 4.0 စာအုပ်လေးကို မိတ်ဆွေများအတွက် Sharing လုပ်ပေးလိုက်ပါတယ်။
တကယ်တော့ ဒီစာအုပ်လေးဟာ Hard Copy အနေနဲ့ ဝယ်ယူမယ်ဆိုလို့ရှိရင် သူတို့ရဲ့ Retail Price က $ 1250 ရှိပါတယ်။ အဲတော့ ဒီလောက်ဈေးကြီးတဲ့စာအုပ်ကို ကျနော့်အနေနဲ့ Soft Copy (PDF) ဘယ်လိုရထားသလဲဆိုတော့ ဒီလိုပဲ ကြံဖန်ပြီးရထားတာပါ။
အဓိကပြောချင်တာက စာအုပ်တန်ဖိုးဈေးကြီးသလို စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေ Standards တွေကလည်း အဖိုးမဖြတ်နိုင်အောင် တကယ်တန်ဖိုးရှိတဲ့ အရာတွေဖြစ်တယ်ဆိုတာကို နားလည်စေချင်တာပါ။
နောက်တစ်ချက်အနေနဲ့ပြောချင်တာက - ဒီနေ့ Modern Decoration & Furniture ခေတ်မှာ ဒါတွေက အရေကြီးလို့လားဆိုပြီး မေးစရာရှိနိုင်ပါတယ်။ သိပ်ပြီးအရေးကြီးတာပေါ့လို့ပဲဖြေချင်ပါတယ်။ ဘာလို့လဲဆိုတော့ Modern Furniture ဆိုတာထက် ကျနော်တို့ အသုံးပြုလာကြတဲ့ Tools & Equipment တွေက အသုံးပြုတဲ့လူတွေအတွက် ပိုပြီးလျင်မြန်လွယ်ကူအောင်တီထွင်နိုင်လာတဲ့အတွက် Modern ပိုဆန်လာတယ်လို့ပဲဆိုချင်ပါတယ်။ နောက်ပြီး ဒီ Architectural Woodwork ဆိုတာ ID Works တွေအတွက်မရှိမဖြစ်အရေးကြီးသလို ဘယ်တော့မှပျောက်ကွယ်သွားမယ့် ပညာရပ်လည်းမဟုတ်ပါဘူး။ ပြီးတော့ Carpentry Works တွေ (အထူးသဖြင့် Solid Wood Works) အတွက် အခြေခံကျတဲ့ Basic Knowledge တွေ Standards တွေလည်းဖြစ်ပါတယ်။ အားလုံးကို ခြုံငုံပြီးပြောရရင် ID ကိုချစ်မြတ်နိုးသူတိုင်း (အထူးသဖြင့် Carpenters) မဖြစ်မနေဖတ်သင့်တဲ့ ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တာကြောင့် အခုလို မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးပဲ ID Knowledge တွေ Woodwork Knowledge တွေအများကြီးရနိုင်ကြပါစေခင်ဗျ။ 

မည်သူမဆို လွတ်လပ်စွာ Share နိုင် Download ရယူနိုင်ပါတယ်။
0 Comments