Communications Management Knowledge တွေထဲကတစ်ခုဖြစ်တဲ့ Written Communications ခေါင်းစဉ်ရဲ့အောက်မှာရှိတဲ့ 5Cs အကြောင်းလေးကို ကျနော်တို့ မိတ်ဆွေများအတွက် Knowledge Sharing အဖြစ် တင်ပေးလိုက်ပါတယ်။
------------------------------------------------------------------------------------------------------------------------
What is the 5Cs in your writing? 🤔🤔🤔
စာတစ်စောင်
(သို့) အကြောင်းအရာတစ်ခု (သို့) Statement တစ်စောင်ရေးတိုင်းမှာ Effective
Written ဖြစ်ဖို့ရန်အတွက် အောက်ဖော်ပြပါအချက် (၅)
ချက်နဲ့ကိုက်ညီပြီလားဆိုတာကို အမြဲတမ်း စစ်ဆေးရမှာဖြစ်ပါတယ်။ အဲဒီ အချက်
(၅) ချက်ကတော့ -
👉 Correct?
👉 Clear?
👉 Concise?
👉 Complete/ Coherent?
👉 Courteous?
-------------------------------------------------------------------------------------------------------------------------
#Correct
ဒါကတော့
မိမိအသုံးပြုတဲ့ စာလုံးတိုင်း၊ ဝါကျတိုင်းရဲ့ spelling - စာလုံးပေါင်းတွေ
grammar - သဒ္ဒါ တွေ မှန်ကန်မှုရှိရဲ့လား နောက်ပြီး နေရာအထားအသိုရော
မှန်ကန်ရဲ့လား စသည်ဖြင့်ပေါ့ .. အဲဒါတွေကို စစ်ဆေးရမှာဖြစ်ပါတယ်။ (ဥပမာ -
အဘွားက ဘောလုံးကန်၍ ခြေထောက်နာနေသော မောင်မောင်အား ဆေးလိမ်းပေးနေသည်)
ဆိုတာမျိုးမဖြစ်အောင်စစ်ဆေးခိုင်းတာဖြစ်ပါတယ်။
#Clear
မိမိရေးလိုက်တဲ့အကြောင်းအရာအား စာဖတ်သူ အလွယ်တကူ နားလည်နိုင်ဖို့အတွက်ဆိုရင်တော့
Wording - စကားလုံးအသုံးအနှုန်း၊ သုံးနှုန်းပုံ စတာတွေကို စစ်ဆေးဖို့လိုပါမယ်။
Flow - အသုံးပြုထားတဲ့ စကားလုံး အစီအစဉ် ကျ/မကျ စသည်ဖြင့်.. ကို စစ်ဆေးရပါမယ်။
Tone - အသုံးပြုထားသော စကားလုံး၏ လေသံ အနေအထား တွေကိုလည်း စစ်ဆေးဖို့လိုပါမယ်။
Punctuation
- ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (ပုဒ်ကလေး၊ ပုဒ်မ၊ ပုဒ်ထီး၊ Space၊
ကော်မာ၊ စသည့်ဖြင့်..) ထည့်သွင်းထားမှုမှာ မှန်ကန်မှု ရှိ/မရှိ
စစ်ဆေးဖို့လိုပါမယ်။
Sentence Structure - ဝါကျဖွဲ့စည်းပုံ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးဖို့လိုပါမယ်။
#Concise
မိမိပြောချင်သောအကြောင်းအရာမှာ ထိရောက်မှုရှိရှိနှင့် လိုရင်းတိုရှင်း ဖြစ်/မဖြစ် စစ်ဆေးရပါမယ်။
ဆိုလိုသည်မှာ
- တစ်ခါတစ်ရံတွင် မိမိပြောလိုသည့်အကြောင်းအရာအား ထိထိမိမိမရှိပဲ
စကားလုံးများဖေါင်းပွနေတတ်သည်ကို ပြန်လည်စစ်ဆေးနိုင်ရန်
ဆိုလိုခြင်းဖြစ်ပါတယ်။
(မိမိပြောချင်သည့်အကြောင်းအရာအား
Concise ဖြစ်အောင်မပြောတတ်တဲ့လူတွေကြောင့် ကျနော်ဆိုရင် မလိုအပ်ပဲနဲ့
ဖုန်းကို နာရီဝက် ~ လေးဆယ့်ငါးမိနစ်ခန့်လောက် အမြဲပြောရတတ်ပါတယ် 😅😅😅)
#Complete/ Coherent
မိမိရေးလိုက်သောစာသည်
စာဖတ်သူအား မိမိပြောချင်သည့်အကြောင်းအရာ အစုံအလင် ပါ/ မပါ စစ်ဆေးရပါမယ်။
ထို့အပြင် မိမိ၏ စာသည် ရှေ့နောက်ညီညွတ်မှု ရှိ/မရှိ၊ (ဥပမာ - နိဒါန်း၊
စာကိုယ်၊ နိဂုံး) စသည့်ဖြင့် အဆီအငေါ် တည့်/မတည့်ကိုလည်း
စစ်ဆေးဖို့လိုပါမယ်။
တနည်း - စာဖတ်သူမှ ၎င်းတို့၏ ထင်မြင်ယူဆချက်အမျိုးမျိုးဖြစ်စေမည့် စာအရေးအသားမျိုး မဖြစ်ရပါ။
#Courteous
ဒီအချက်ကတော့ Communication တစ်ခုမှာ အင်မတန်မှအရေးကြီးပါတယ်။
မိမိ၏စာသည် စာဖတ်သူအပေါ် အလေးထားဆက်ဆံမှုပုံစံဖြင့် ရေးထားခြင်း ရှိ/မရှိ စစ်ဆေးရပါမယ်။
မိမိ၏စာအား စာဖတ်သူ၏ အမြင်ရှုထောင့်ဘက်မှလည်း ပြန်လည်သုံးသပ်ကြည့်ရပါမယ်။
ထို့အပြင်
မိမိ၏စာသည် constructive manner -
အပြုသဘောဆောင်သောပြုမူပြောဆိုပုံရှိရဲ့လား၊ ယဉ်ကျေးရည်မွန်မှု ရှိရဲ့လား၊
positive thinking ဖြစ်ရဲ့လား၊ စသည့်ဖြင့်... ကို
အထူးဂရုစိုက်ပြီးစစ်ဆေးဖို့ လိုအပ်ပါတယ်။
ဒီလောက်ဆိုရင်တော့ Written Communication တစ်ခုမှာ 5Cs အရေးပါပုံအကြောင်းကို နားလည်ပြီလို့မျှော်လင့်ပါတယ်။
October 25, 2020

0 Comments