Plywood အကြောင်း

~~~~~ Plywood အကြောင်း အကျဥ်းချုပ် ~~~~~

အားလုံးသိပြီးသားဖြစ်တဲ့ Plywood ဆိုတာကတော့ သစ်လုံးတွေဆီကနေရလာတဲ့ သစ်အလွှာပါး (wood veneer) လေးတွေကို အထပ်ထပ် ထပ်၊ ကော် (glue) ကပ်၊ hight press လုပ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲလိုလုပ်တဲ့ process မှာ အထူးသတိထားဖို့လိုတာကတော့ - wood veneer layer (plies) တွေကို တစ်ခုနဲ့တစ်ခုထပ်တဲ့အခါ wood grain တွေရဲ့ လားရာ (direction) ဟာ vertical တလှည့် horizontal တလှည့် (90°) စီ ထပ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ Plywood တစ်ချပ်ရဲ့ quality ကောင်း၏၊ ဆိုး၏နဲ့ အများကြီးသက်ဆိုင်ပါတယ်။ Quality အရမ်းကောင်းတဲ့ Plywood တွေမှာဆိုရင်တော့ wood grain တွေရဲ့ direction ကို (0, 45, 90, 135, and 180 degrees) တွေလှည့်ပြီး ကပ်ကြပါတယ်၊ အဲ့လိုလုပ်ခြင်းအားဖြင့် ဝင်ရိုး (axes) ပေါင်းများစွာက strength ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါကတော့ Plywood အကြောင်းရဲ့ အကျဥ်းချုပ်ပါ။
 

~~~~~ Types of Plywood and Usage ~~~~~

Plywood type အမျိုးမျိုးရှိပြီးတော့ အသုံးပြုရတဲ့ purpose လည်းကွဲပြားပါတယ်။ ယေဘုယအားဖြင့်ကတော့ -
Softwood plywood
Hardwood plywood
Tropical plywood
Aircraft plywood
Decorative plywood (overlaid plywood)
Flexible plywood
Marine plywood
Other plywoods ဆိုပြီးတော့ ကျနော်တို့ မှတ်လို့ရပါတယ်။ တစ်ခုချင်းစီရဲ့ အကြမ်းဖြင်းအကြောင်းကိုလည်း အောက်မှရှင်းပြထားပါတယ်။
 
#Softwood plywood
Softwood plywood ကိုတော့ များသောအားဖြင့် cedar, douglas fir သို့မဟုတ် spruce, pine, and fir (spruce-pine-fir or SPF ဆိုပြီး လူသိများပါတယ်) or redwood တို့ကနေ အဓိကပြုလုပ်တာြဖစ်ပြီးတော့ construction နဲ့ industrial purposes အတွက် အဓိက အသုံးများပါတယ်။
Common size (dimension) အနေနဲ့ကတော့ 4 ပေ x 8 ပေ ဖြစ်ပြီးတော့ layer (သို့မဟုတ်) plies တွေရဲ့အထူကတော့ 1.4mm ကနေ 4.3mm အထိကို အသုံးပြုပါတယ်။ Layer (သို့မဟုတ်) plies အရေအတွက်ကတော့ ထုတ်လုပ်မယ့် plywood sheet ရဲ့အထူ၊ grade ပေါ်မူတည်ပါမယ်။ ထူးခြားတာကတော့ ထပ်ထားတဲ့ Layer (သို့မဟုတ်) plies အရေအတွက်ဟာ အမြဲတမ်း “မ” ဂဏန်းဖြစ်ပါတယ် (ဥပမာ - 5 layers, 7 layers, 9 layers စသည်ဖြင့်)။ ဒီ plywood ကိုအသုံးများတဲ့နေရာကတော့ -
Floors, walls, and roofs in home constructions
Wind bracing panels
Vehicle internal body work
Packages and boxes
Fencing
Concrete shuttering panels
Ready-to-paint surfaces for constructions စတဲ့နေရာတွေမှာဖြစ်ပါတယ်။

 
#Hardwood plywood
Hardwood plywood ကိုတော့ Oak, Beech နဲ့ Mahogany တို့ကနေ အဓိကထုတ်လုပ်ပါတယ်။ သူ့ကိုလည်း construction purpose အတွက် အဓိက အသုံးများပါတယ်။ သူ့ရဲ့ထူးခြားတဲ့ လက္ခဏာတွေကတော့ - အကောင်းဆုံး strength ရှိမယ်၊ မာကြောတောင့်တင်းမယ်၊ resistance အားကောင်းမယ်။ ဒါကြောင့်မို့ ဒီ plywood အမျိုးအစားကိုတော့ heavy-duty floor နဲ့ wall structures တွေမှာသုံးကြပါတယ်။ နောက်ထပ် ဒီ plywood ကိုအသုံးများတဲ့နေရာကတော့ -
Panels in concrete form work systems
Floors, walls and roofs in transport vehicles
Container floors
Floors subjected to heavy wear in various buildings and factories
Scaffolding materials
Wind turbine blades
Insulation boxes for liquefied natural gas (LNG) carriers
High-end loud speakers
Die-cutting boards
Supporting structure for parquet
Playground equipment
Furniture
Signs and fences for demanding outdoor advertising
Musical instruments
Sports equipment စတဲ့နေရာတွေမှာဖြစ်ပါတယ်။

 
#Tropical plywood
Tropical plywood ကိုတော့ အပူပိုင်းစိုစွတ်ဒေသတွေ (tropical rainforests, tropical နဲ့ subtropical moist broadleaf forests) အထူးသဖြင့် Asian region (အဓိကအားဖြင့် Philippines, Malaysia နဲ့ Indonesia forests zone) တွေမှာ ပေါက်ရောက်တဲ့ tropical timber (Mahogany, Teak, Ebony, Rosewood, Narra, Chloroxylon စသည်ဖြင့်) (သို့မဟုတ်) wood တွေကနေ အဓိကထုတ်လုပ်ပါတယ် (အခုအခါမှာတော့ African နဲ့ South American countries တွေမှာပါ manufacture လုပ်နေကြပါပြီ)။ ဒီ tropical plywood ဟာဆိုရင် သူ့ရဲ့ density, strength, evenness of layers, နဲ့ high quality ဖြစ်တာကြောင့် softwood plywood ထက်အများကြီးသာလွန်ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့်မို့ သူ့ကို hight standards တွေနဲ့ manufactured လုပ်ပြီးတော့ market အတော်များများမှာ premium quality အနေနဲ့သတ်မှတ်ပြီးရောင်းကြပါတယ်။ Cost သက်သာမှုကြောင့် သူ့ကိုလည်း construction purposes အနေဖြင့် worldwide မှာ အသုံးများပါတယ်။ တနည်းပြောရမယ်ဆိုရင်တော့ ဝယ်လိုအားများတဲ့ plywood လို့ ကျနော်တို့ပြောလို့ရပါတယ်၊ ဒီကနေ့ ကျနော်တို့ရဲ့ ID works တွေဖြစ်တဲ့ millworks, cabinetry, built-in furniture တွေမှာအသုံးပြုနေတာ ဒီ plywood တွေပါပဲ။ ဒီလိုဝယ်လိုအားနဲ့ အသုံးပြုမှုများတာကြောင့် over-harvested ဖြစ်မှာတွေ၊ သစ်တောပြုန်းတီးမှာတွေကတော့ အထူးပဲဂရုတစိုက်နဲ့ ထိမ်သိမ်းစောင့်ရှောင့်ဖို့လိုအပ်ပါတယ်။ နောက်ထပ် ဒီ plywood ကိုအသုံးများတဲ့နေရာကတော့ -
Common plywood
Concrete panel
Floor base
Structure panel
Container flooring
Lamin board
Laminated veneer lumber (LVL) စတဲ့နေရာတွေမှာဖြစ်ပါတယ်။

 
#Aircraft plywood
Aircraft plywood ကတော့ high-strength plywood အမျိုးအစားဖြစ်ပြီးတော့ African mahogany, spruce နဲ့ birch သစ်အမျိုးအစားကနေ အဓိကထုတ်လုပ်ပါတယ်။ heat နဲ့ humidity ကို ပိုမိုခံနိုင်ရည်ရှိတဲ့ ကော် (adhesives) ကိုအသုံးပြုပြီး ထုတ်လုပ်ရတာြဖစ်ပါတယ်။ ဒီ plywood ကိုတော့ သူ့ရဲ့နာမည်ထဲကအတိုင်းပဲ aircraft တွေမှာသုံးပါတယ်။ (ဥပမာအနေဖြင့် - ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေး gliders တွေနဲ့ အခြားသော fighter aircraft တွေမှာအသုံးပြုခဲ့တယ်၊ ထင်ရှားတဲ့ aircraft ကိုပြောရရင်တော့ ဘက်စုံသုံး British Mosquito, သူရဲ့ nickname က "The Wooden Wonder" ပဲဖြစ်ပါတယ်)။ More details တွေထပ်သိချင်ရင်တော့ Aircraft plywood လို့ google မှာရိုက်ထည့်ပြီး ရှာဖတ်ကြည့်လို့ရပါတယ်၊ ဗဟုသုတအလို့ငှာ အားလုံးပဲဖတ်ကြည့်သင့်တယ်လို့လည်းထင်ပါတယ်။

 
#Decorative plywood (overlaid plywood)
Decorative plywood (overlaid plywood) ကိုတော့ ash, oak, red oak, birch, maple, mahogany, shorea, rosewood, teak နဲ့ အခြားသော hardwoods များစွာကနေ ထုတ်လုပ်ပါတယ်။ သူ့မှာ high density နဲ့ medium density (HDO or MDO) ဆိုပြီးနှစ်မျိုးရှိပြီး အခြားသော plywood တွေလိုပဲ layer တွေကိုအထပ်ထပ် ထပ် glue ကပ်၊ high press လုပ်ပြီး ထုတ်လုပ်ရတာြဖစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ outer layer ကို overlaid face ပါတဲ့ overlaid sheet ကိုပဲသုံးထားတာကြောင့် finished appearance ပါရှိပြီး plywood ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် wood grain finishes ပါပြီးသား plywood ပေါ့၊ သူ့အပေါ်မှာ နောက်ထပ် ဘာ finishes materials မှ ထပ်ပြီးကပ်စရာလိုတော့ဘူး။ Surface finished product ဖြစ်လို့ သယ်ယူပို့ဆောင်ရေးနဲ့ ကိုင်တွယ်အသုံးပြုတဲ့နေရာမှာတော့ အထူးသတိထားဖို့လိုပါတယ်။

 
#Flexible plywood
ဒီ plywood အမျိုးအစားဟာ curve shape အစိတ်အပိုင်းတည်ဆောက်တဲ့အခါတွေမှာ အဓိကအသုံးပြုဖို့အတွက် designed ပြုလုပ်ပြီးထုတ်ထားတာဖြစ်ပါတယ်။ သူ့ကိုနောက်တစ်မျိုး "hatters ply" လို့လည်းခေါ်ပါတယ်။ ထူးခြားချက်ကတော့ layer တွေကိုထပ်တဲ့အခါ ကွေးမယ့် direction နဲ့ wood grain direction ဟာ perpendicular ဖြစ်ရမယ်။ တခါတရံ သူ့ရဲ့ finishes surface ဟာ decorative wood veneers ပါအပြီးလည်းထုတ်လုပ်ကြပါတယ်။

 
#Marine plywood
Marine plywood ကတော့ durable face တွေ core veneers တွေကိုအသုံးပြုပြီးတော့ စိုစွတ်တဲ့ဒဏ်၊ မှိုစွဲတဲ့ဒဏ်တွေကိုခံနိုင်အောင် ထုတ်လုပ်ထားတာြဖစ်ပါတယ်။ အဓိကအသုံးပြုတဲ့နေရာကတော့ moisture များတဲ့နေရာ၊ moisture အကြာကြီးရှိနိုင်တဲ့နေရာ (ဥပမာ - kitchen cabinet, vanity counter) မျိုးတွေမှာအသုံးပြုကြပါတယ်။ အသုံးပြုတဲ့ veneer ဟာ tropical hardwoods တွေဖြစ်ပြီးတော့ Weather and Boil Proof (WBP) လို glue မျိုးကိုအသုံးပြုပြီးကပ်ထားတာကြောင့် core တွေဟာ gap မရှိသလောက်နည်းမယ်၊ plywood ထဲကိုရေစိမ့်ဝင်တာ ရေဝပ်ပြီးကျန်နေတာမျိုးတွေကိုလည်း ကန့်သတ်နိုင်ပါမယ်။ Marine plywood နဲ့ပတ်သက်ပြီး international standards တွေကတော့အများကြီးရှိပါတယ်၊ အဲဒီထဲမှာမှ British Standard (BS 1088) နဲ့ Indian Standards (IS:710) တွေကတော့ လူသိများတဲ့ standards တွေပါ။

 
#Other plywoods
Other plywood တွေအနေနဲ့ကတော့ fire-retardant, moisture-resistant, wire mesh, sign-grade, နဲ့ pressure-treated plywood တွေလို့ အကြမ်းဖြင်းမှတ်လို့ရပါတယ်။ ပုံမှန် plywood တွေကိုလည်း fireproofing, moisture-resistant, anti-termite ဖြစ်အောင် chemical အမျိုးမျိုးတွေအသုံးပြုပြီး improve ဖြစ်အောင်လည်း လုပ်လို့ရတယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ ဒီ products တွေကတော့ သက်ဆိုင်ရာ industry purpose ရဲ့ လိုအပ်ချက်တွေအပေါ်မှာအခြေခံကာ designed လုပ်ပြီးထုတ်လုပ်ကြတာဖြစ်ပါတယ်။
 
 

~~~~~ Production ~~~~~

Plywood Production အကြောင်းကိုတော့ အထွေအထူးမရေးတော့ပါဘူး၊ အောက်မှာပါတဲ့ video clip လေးတခု (link အားနှိပ်၍ကြည့်ပါရန်) ကိုကြည့်ခြင်းအားဖြင့် အာလုံးပဲ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဒီ production အဆင့်မှာသိထားရမှာကတော့ အသုံးပြုတဲ့ glue အကြောင်းပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသုံးပြုတဲ့ glue မှာ ပါဝင်တဲ့ ဖော်မလင် (formaldehyde) အနံ့ဟာ လူတွေရဲ့ကျန်းမာရေးကို အဓိကထိခိုက်စေတာကြောင့်ပါ။ ဖော်မလင်အနံ့ပြင်း ထုတ်လွှတ်မှု (Formaldehyde-emitting) ကိုတော့ များသောအားဖြင့် "E" နဲ့ကိုယ်စားပြုသတ်မှတ်ကြပြီးတော့ E0, E1, E2, ဆိုပြီးရှိပါတယ် (အချို့သော standard တွေမှာ CARB P2 သို့မဟုတ် F4 စသည်ဖြင့်လည်းသတ်မှတ်တာတွေ့ရပါတယ်)။ ဒါဆိုရင် E0, E1, E2 တွေရဲ့ formaldehyde emissions ဘယ်လောက်ရှိလဲဆိုတာကို အောက်မှာ ဆက်ပြီးကြည့်လိုက်ကြပါဦးစို့ -
E0≤0.5mg/L
E1≤1.5mg/L (သို့မဟုတ်) 9.0mg/100g
E2≤5.0mg/L (သို့မဟုတ်) 30.0mg/100g
Note: ≤ ဆိုတာ less than or equal to ကိုဆိုလိုတာဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့သိထားဖို့လိုတာကတော့ ဒီ plywood manufacturers တွေဟာ production နဲ့ construction practices တွေ sustainable ဖြစ်ဖို့ ဘယ်လို certification program မျိုးရရှိပြီး၊ ၎င်း program နှင့်အညီ ထုတ်လုပ်တာလဲ ဆိုတာပါ။ လူသိများတဲ့ certification program တွေကတော့ - Programme for the Endorsement of Forest Certification (PEFC), Forest Stewardship Council (FSC), Leadership in Energy and Environmental Design (LEED), Sustainable Forestry Initiative (SFI), and Greenguard တို့ပဲဖြစ်ပါတယ်။
Plywood Production အားကြည့်ရန်

 
 

~~~~~ Grades ~~~~~

အဆင့်သတ်မှတ်ခြင်း (Grading rules) အနေနဲ့ကတော့ country of origin ပေါ်မှာလိုက်ပြီးကွဲပြားပါတယ်။ Porpular ဖြစ်တဲ့ standard တွေကိုပြောရမယ်ဆိုရင်တော့ British Standard (BS) နဲ့ the American Society for Testing and Materials (ASTM) တို့ပဲဖြစ်ပါတယ်။ Generally grading rules တွေအနေနဲ့ကတော့ အောက်မှာပါတဲ့ ဇယား‌ကွက်လေးနဲ့ပုံမှာ ကြည့်လို့ရပါတယ်။

 
ဒီလောက်ဆိုရင်တော့ ကျနော်တို့မိတ်ဆွေများအားလုံးလည်း plywood အကြောင်းကို တော်တော်များများ knowledge လေးတွေရကြပြီလို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော့်ရဲ့ Plywood အကြောင်း knowledge sharing ကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါမယ်။
 
မှတ်ချက်။ ။ ကျွန်တော်ဟာ စာရေးရတာကို အင်မတန်မှပျင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာစာ typing ရိုက်ရတာကိုပိုပြီးပျင်းတာပါ။ အဓိကအကြောင်းရင်းကတော့ မြန်မာစာ typing လက်ကွက်မရတာရယ် နှေးတာရယ်ကြောင့်ပါ။ သို့သော်လည်း ဒီလိုကာလမျိုးမှာ ကိုယ်သိထားတာ၊ လေ့လာထားတာတွေကို knowledge sharing လုပ်ချင်တဲ့ဆန္ဒပြင်းပြလာတဲ့အခါမှာတော့ ပျင်းတာကိုဘေးချိတ်ထားပြီး ဒီ ID material တစ်ခုဖြစ်တဲ့ Plywood အကြောင်းကို knowledge sharing အဖြစ်ရေးရခြင်းဖြစ်ပါတယ်။ အမှန်တော့ Interior Decoration Materials နှင့် ကျန်းမာရေးအကြောင်းခေါင်းစဥ်နဲ့ ရေးမယ်လို့စိတ်ကူပြီးခါမှ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ မဆိုစလောက် knowledge လေးနဲ့ရေးလို့ မသင့်တော်ဘူးလို့ ပြန်စဥ်းစားမိကာ အခုလိုပဲ material အကြောင်းကို ပြောင်းပြီးရေးဖြစ်ရခြင်းဖြစ်ပါတယ်။ ဒီလိုရေးဖြစ်ဖို့အတွက် တွန်းအားတစ်ခုအနေနဲ့ဖြစ်လာစေတာကတော့ ကျနော့်အစ်ကိုတစ်ယောက်လိုရော ဆရာတစ်ယောက်လိုရော လေးစာရတဲ့၊ Studio 34 ရဲ့ Founder တစ်ဦးလည်းဖြစ်တဲ့ https://www.facebook.com/engwaiphyo ကိုဝေဖြိုး နဲ့ ဖုန်ပြောတဲ့ တစ်နေ့က စတယ်လို့ပြောရပါမယ်။ မှတ်မှတ်ရရအနေနဲ့ သူနဲ့ဖုန်းပြောတာ ပထမဆုံးဖြစ်ပြီးတော့ စုစုပေါင်းဖုန်းပြောတဲ့ကြာချိန် တစ်နာရီ သုံးဆယ့်လေးမိနစ်နဲ့ စက္ကန့်လေးဆယ်ရှိပါတယ်။ ပြောဖြစ်တဲ့ အကြောင်းအရာတွေကတော့ အများကြီးပါ၊ သို့သော်လည်း အနှစ်ချုပ်လိုက်ရင် ID နဲ့ပတ်သက်ပြီး ဘယ်လိုတိုးတက်အောင်လုပ်ချင်တယ်၊ Interior Decoration မှာ အသုံးပြုတဲ့ materials တွေဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတဲ့ အချက်တွေပါ။ အဲဒီနေ့ကစပြီးတော့ ငါလည်း တဖက်တလမ်းကနေ ငါလုပ်နိုင်တာကိုဆက်လုပ်ပြီး လူတွေအတွက်လည်း knowledge sharing တွေ အများကြီးထပ်လုပ်အုံးမယ်ဆိုတဲ့ စိတ်ကူးလေးရခဲ့ပါတယ်။ ဒါကြောင့် ကိုဝေဖြိုးကိုလည်း ကျေးဇူးအများတင်ကြောင်း ဒီကနေပြောချင်ပါတယ်။ ပြီးတော့ နောက်ထပ်လည်း အခုလိုမျိုး knowledge sharing တွေအများကြီးထပ်လုပ်ပေးပါမယ်လို့ သတင်းကောင်းလေးပါးလိုက်ပါတယ်။
 
အားလုံးကိုကျေးဇူးတင်စွာဖြင့်
Than Win
August 16, 2021 (Monday)
Reference source: Wikipedia

Post a Comment

0 Comments