Conflict Management (Problem Solving Techniques)

Conflict တစ်ခုကို ယေဘုယျအားဖြင့် resolving လုပ်တဲ့ techniques (5) မျိုးအကြောင်းကို overall view အနေဖြင့်ပြောပြချင်ပါတယ်။ အဲဒါကတော့ -

#Withdraw/avoid
Key words အနေနဲ့ကတော့
- Postponing the issue
အဓိပ္ပါယ်ကတော့ ပြဿနာတစ်ခုကို ချက်ချင်းလက်ငင်းမဖြေရှင်းပဲ ဆိုင်းငံ့ထားလိုက်တာပဲဖြစ်တယ်။ ဆိုင်းငံ့ထားလိုက်ရတဲ့ အကြောင်းရင်းကတော့ - ပြဿနာကိုဖြေရှင်းနိုင်ဖို့ အကောင်းဆုံးပြင်ဆင်ဖို့ရန်အတွက် ဖြစ်နိုင်သလို အခြားသူတစ်ဦးတစ်ယောက်က ဖြေရှင်းမှရနိုင်မယ့်ကိစ္စကြောင့်လည်းဖြစ်နိုင်ပါတယ်။
 
#Smooth/accommodate
Key words အနေနဲ့ကတော့
- Areas of agreement rather than areas of difference
ဒီနည်းကတော့ အမြင်တူတယ်၊ မတူဘူးဆိုတာထက် relationship တစ်ခု သဟဇာတဖြစ်ဖို့အတွက်ကိုပဲဦးစားပေးပြီး အလိုက်သင့် (ရေလိုက်ငါးလိုက်) ဆောင်ရွက်ပေးလိုက်တာ၊ လိုက်လျောပေးလိုက်တာပဲဖြစ်ပါတယ်။
 
#Compromise/reconcile
Key words အနေနဲ့ကတော့
- Some degree of satisfaction to all parties
- Temporarily or partially resolve the conflict
- Lose-lose situation
ဒီနည်းလမ်းကကျတော့ တစ်ဦးနဲ့တစ်ဦးအပေးအယူနည်းနဲ့ညှိနှိုင်းပြီး သဘောတူ ကြေနပ်ရတဲ့ နည်းဖြစ်ပါတယ် (တနည်းအားဖြင့် သူလည်းလျော့၊ ကိုယ်လည်းလျော့ပေါ့)။ ယာယီအားဖြင့် (သို့) အစိတ်အပိုင်းတစ်ခုကိုတော့ ပြေလည်စေတယ်လိုပြောလို့ရပါတယ်။ ဒါပေမဲ့ ပြဿနာက လုံးဝပြေလည်သွားတာမျိုးတော့မဟုတ်ပါဘူး။ ဒါကြောင့် lose - lose situation လို့ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဦးစလုံးက သူတို့ဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်ရလိုတာမဟုတ်ပဲ အပေးအယူသဘောမျိုးအားဖြင့်သာကြေနပ်ကြရတာဖြစ်လို့ပါ။ ပိုပြီးနာလည်လွယ်အောင် ဥပမာ ပြောရရင် - မိန်းမဖြစ်တဲ့ လူက ငပလီကိုခရီးထွက်ချင်တယ်၊ ယောက်ကျားဖြစ်သူက ပြင်ဦးလွင်ကိုခရီးထွက်ချင်တယ်၊ အပေးအယူသဘောနဲ့ညှိနှိုင်းပြီး နောက်ဆုံးပိတ် နှစ်ဦး တူလိုက်ရတာက ပုဂံကိုခရီးထွက်မယ်။ ခရီးသွားချင်တဲ့ဆန္ဒတော့ပြည့်သွားတယ် ဒါပေမဲ့ သူသွားချင်တဲ့နေရာလည်းမဟုတ်သလို ကိုယ်သွားချင်တဲ့နေရာလည်းမဟုတ်လို့ lose - lose situation လို့ပြောရတာပါ။
 
#Force/direct
Key words အနေနဲ့ကတော့
- Dictatorship
- Win-lose situation
ဒီနည်းလမ်းကတော့ ရှင်းပါတယ်။ အာဏာ၊ ပါဝါ၊ လုပ်ပိုင်ခွင့်တွေကိုသုံးပြီး ဖြေရှင်းလိုက်တာပါ။ တနည်းပြောရရင် ကြေနပ်တာ၊ မကြေနပ်တာတွေထည့်တွက်မနေတော့ပဲ "ဒါဟာအမိန့်ပဲ" ဆိုတာမျိုး အတင်းအကြပ်ကိုလုပ်ခိုင်းတာ၊ လိုက်လျောပေးရတာပဲဖြစ်ပါတယ်။ အထူးသဖြင့် အာဏာရှင်အစိုးရတွေ ပြဿနာကိုဖြေရှင်းတဲ့နည်းပေါ့။ ဒါကြောင့် ဒီနည်းကို win - lose situation လို့လည်းခေါ်ပါတယ်။
 
#Collaborate/problem solve
Key words အနေနဲ့ကတော့
- Multiple viewpoints and different perspectives
- Lead to consensus and commitment
- Win-win situation
လာပါပြီဗျာ - ဒီနည်းကတော့ ကျနော်ခဏခဏပြောနေတဲ့ collaborative approach နည်းနဲ့ အားလုံးလည်းကြေနပ်မှုရအောင်၊ ပြဿနာကိုလည်းတကယ်ပြေလည်အောင် ဖြေရှင်းတဲ့နည်းပါ။ ဘယ်လိုဖြေရှင်းတာလဲဆိုရင် - တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းက သူ့အမြင် ကိုယ့်အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ရှုထောင့်ပေါင်းစုံ၊ အမြင်ပေါင်းစုံကိုယူကာ ထည့်သွင်းစဉ်းစားတယ်၊ အပြန်အလှန်ဆွေးနွေးတယ် (analysis လုပ်တယ်၊ assessment လုပ်တယ်)။ ပြီးရင် အများသဘောထားဆန္ဒအတိုင်းသဘောတူဆုံးဖြတ်ပြီး ဖြေရှင်းတဲ့နည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းကို win - win situation လို့လည်းခေါ်ပါတယ်။ (ဥပမာ - ငပလီလည်းသွားမယ်၊ ပြင်ဦးလွင်ကိုလည်းသွားမယ်ပေါ့ဗျာ)
 
ဒီလောက်ဆိုရင် Conflict ကိုဖြေရှင်းတဲ့ နည်းငါးမျိုးကို မိတ်ဆွေတို့လည်းနားလည်ပြီလို့ မျှော်လင့်ပါတယ်။
အဲဒီ နည်းလမ်းငါးမျိုးထဲမှာ ဘယ်နည်းလမ်းကိုအကြိုက်ဆုံးလဲဆိုတာကိုလည်း comment လေးပေးခဲ့ကြပါဦးနော်
 
ကျနော် Sharing လုပ်ပေးတဲ့အကြောင်းအရာလေးတွေကိုဖတ်ပြီး မိတ်ဆွေတို့အတွက် အသိတခုခုတိုးစေတယ်ဆိုရင် လက်မလေးတွေထောင်သွားပေးကြဖို့လည်းမမေ့နဲ့အုံးနော် တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။
 
August 22, 2020.
 

Post a Comment

0 Comments