Interior Decoration တစ်ခုမှာ Design နဲ့ Drawings ကဘာလို့ အရေးပါတာလဲ၊
ဘယ်လောက်အထိအရေးပါတာလဲ ဆိုတာကို အကြမ်းအားဖြင့် Overall View
လေးပြောပြပါမယ်။
ဒီအကြောင်းလေး
မပြောခင်မှာ သတင်းကောင်းလေးတစ်ခုကို အရင်ဆုံးပြောပြချင်ပါတယ်။
အဲဒါဘာလဲဆိုတော့ - ကျနော့်ရဲ့ IDPM သင်တန်းမှာ Estimate
ဘယ်လိုတွက်ရမလဲဆိုတဲ့ တွက်နည်း techniques တွေကိုလည်း
ပြောပြပေးသွားမှာဖြစ်ကြောင်းကို မိတ်ဆွေတို့ကို အသိပေးချင်တာပါ။
ကဲ ဒါဆိုရင် Design နဲ့ Drawings အကြောင်းကိုဆက်ပြီးပြောကြတာပေါ့။
ပထမဦးစွာပြောချင်တာက
- Design နှင့် Drawings လို့ ခွဲပြောရတာက အကြောင်းရှိပါတယ်။ Design
ဆိုတာက - ID Project ရယ်လို့ ဖြစ်လာဖို့ရန် အတွက် Customer/Client/Sponsor
တွေနဲ့ Initiate Agreement ယူဖို့အတွက် စတင်ပြီး Create လုပ်ပေးတာလို့
အကြမ်းဖြင့်မှတ်နိုင်ပါတယ်။ Drawings ဆိုတာတော့ - Design Create လုပ်ပြီး၊
Customer/Client/Sponsor နဲ့ Initiate Agreement ရပြီး၊ ၎င်း Design
အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရန်အတွက် အသေးစိတ်
ရေးဆွဲရတာဖြစ်တယ်လို့ အကြမ်းဖြင့်မှတ်နိုင်ပါတယ်။
ကဲ ဒါဆိုရင် Design နှင့် Drawings တို့ရဲ့ အရေးပါပုံအကြောင်းကိုလည်း ကျနော်သိသလောက် ဆက်ပြီးပြောပြပေးပါမယ်။
Interior
Decoration မှာ Design ဟာ အင်မတန်မှ အရေးကြီးလှပါတယ် (design ဟုဆိုရာတွင်
conceptual, sketch, visualization စသည်ဖြင့် design
အားလုံးကိုဆိုလိုပါသည်)။ Interior Design ကိုပြောရင် Interior Designer ရဲ့
အခန်းကဏ္ဍကလည်း မပါမဖြစ် အရေးကြီးတာမို့ အကျဉ်းချုပ်၍ အနည်းငယ်ပြောပါမယ်။
ဘာကြောင့်လဲဆိုတော့ ID Design ကောင်း၏၊ ဆိုး၏သည် ID Designer မှာ full
responsibility ရှိတယ်လို့တောင်ဆိုနိုင်လို့ပါ
(လက်တွေ့အကောင်အထည်ဖေါ်ရာတွင် workmanship error ကြောင့်ဖြစ်တတ်သော
ကောင်း/ဆိုး ကိုမဆိုလိုပါ)။ ID Designer တစ်ယောက်ဟာ designing
လုပ်တဲ့အခါမှာ Customers/Client/Sponsor တို့ရဲ့ needs ကဘာလဲဆိုတာကိုသိပြီး
သူတို့ရဲ့ နှလုံးသားနဲ့ ခံစားပြီးရေးဆွဲမှ perfect ဖြစ်တဲ့ design တစ်ခု
ဖြစ်လာပါမယ်။ ပြီးတော့ သူရဲ့ design ဟာ functional ဖြစ်ရမယ်၊ safe
ဖြစ်ရမယ်၊ beautiful ဖြစ်ရပါမယ်။ ပြီးရင် သူတိုဟာ colors, materials,
textures, furniture, flooring, wallpaper, lighting, စသည်ဖြင့် interior
space မှာ အသုံးပြုမယ့် materials တွေကိုလည်း ရွေးချယ်ပေးရပါမယ်။ ဒါကြောင့်
သင်ကိုယ်တိုင် သင့်ရဲ့အိမ်ကို ID design လုပ်မယ်ဆိုရင်
ထည့်သွင်းစဉ်းစားရယ့် အချက် 16 ကို ဖော်ပြပေးလိုက်ပါတယ် (သို့သော်
၎င်းအချက်များအတိုင်းတသွေမတိမ်း (လှေနံထားထစ်) မမှတ်ယူစေလိုပါ၊
မှားတာရှိရင်လည်း နားလည်ပေးဖို့ ကြိုပြီးတောင်းပန်ပါတယ်၊
ကျနော်မှတ်သားထားသည့်အတိုင်းသာ sharing လုပ်ခြင်းဖြစ်ပါတယ်)။
၎င်းအချက်များကတော့ -
1) Functionality ဖြစ်ရပါမယ်
2) Occupant’s lifestyle ဖြစ်ရမယ်
3) Aesthetic ဖြစ်ရမယ်
4) Cost savings ဖြစ်ရမယ်
5) Safety ဖြစ်ရမယ်
6) Maintain လုပ်ရလွယ်ကူရမယ်
7) Facilitate ample space ဖြစ်ရမယ်
8) Increases resale value ဖြစ်ရမယ် (ဆိုလိုတဲ့
အဓိပ္ပါယ်က - အကြောင်းအမျိုးမျိုးကြောင့် သင့်ရဲ့အိမ်ကို ရောင်း/ငှား
လိုရင် သင့်ရဲ့အိမ်ဟာ well-designed နဲ့ decoration လုပ်ထားတာဖြစ်တဲ့အတွက်
စျေးပိုရစေတယ်လို့ ဆိုလိုတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ငှားတဲ့
လူဆိုရင် အိမ်ပြင်ဆင်ဖို့ အချိန်ရော effort ရောမကုန်ချင်တော့လို့ပါ)
9) The mood of the home and the people (ဒီအပိုင်းကတော့
အထူးသဖြင့် သင့် အိမ်မှာ ဘယ်လို color တွေသုံးထားသလဲ? သင့်အိမ်ရဲ့
အိပ်ခန်းကရော လေဝင်လေထွက်ရှိရဲ့လား၊ ကောင်းရဲ့ စသည့်အကြောင်းအရာတွေကို
စဉ်းစားဖို့ပြောတာဖြစ်ပါတယ်)
10) Great first impression ဒါလည်းထည့်စဉ်းစားရပါမယ်
11) Colors serve a myriad of purposes (color combination က ID design တစ်ခုအတွက် အသက်ပါ)
12) Enables ageing members to access rooms easily (သက်ကြီးရွယ်အိုတွေ အလွယ်တစ်ကူ access လုပ်လို့ရအောင်လည်း ထည့်စဉ်းစားရပါမယ်)
13) Turns your home into heaven
(ဒီကနေ့ကျနော်တို့တွေရဲ့ လူနေမှုဘဝဟာ တစ်နေကုန်နီးပါး အပြင်မှာ schedule
အပြည့်နဲ့ အလုပ်ရှုပ်နေကြတယ်၊ အဲ့တော့ အိမ်ပြန်ရောက်တဲ့အချိန်မှာ
ကိုယ့်ရဲ့အိမ်ဟာ relaxation နဲ့ comfort ဖြစ်တဲ့ နေချင်စဖွယ်ဖြစ်ရမယ်။
ဒီအချက်ကိုလည်း design လုပ်တဲ့အခါ ထည့်စဉ်းစားရပါမယ်)
14) Functions as a home retreat ဒါလည်းထည့်စဉ်းစားရပါမယ် (ဒါကြောင့်လည်း designing လုပ်တဲ့အခါမှာ နှလုံးသားနဲ့ခံစားပြီး ရေးဆွဲခိုင်းတာဖြစ်တယ်)
15) Combining styles in the right manner
(ဒီအချက်ကတော့ good experiences ရှိတဲ့ designer ကပဲသင့်ကို
ကူညီနိုင်ပါလိမ့်မယ်။ ဥပမာ - contemporary, modern, classic, Indo-western,
western, စသည့်ဖြင့် style တွေကို needs and expectations နဲ့ matches ဖြစ်အောင် ဘယ်လိုပေါင်းစပ်မလဲပေါ့)
16) The best option for busy persons
(ဒီအချက်ကတော့ အသက်ပဲ။ သင်ဟာ အလုပ်အရမ်းများတဲ့လူဆိုရင်
ဖော်ပြပါအချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် professional interior
designer ငှားလိုက်ပါတဲ့)
(supermarkets,
companies, mall, coffee shops, restaurants စတာတွေကို designing
လုပ်တဲ့အခါမှာလည်း ဖော်ပြပါအချက်တွေကိုထည့်စဉ်းစားဖို့လိုပါမယ်)
Drawings
လို့ပြောရင် အားလုံးနီးပါးက AutoCAD
ကိုအရင်ဆုံးပြေးမြင်ကြလိမ့်မယ်လို့ထင်ပါတယ်။ မှန်ပါတယ်။ ဒီကနေ့ခေတ်မှာတော့
drawings ကို AutoCAD နဲ့ပဲဆွဲကြတာများပါတယ်။ CAD
မရှိခင်ခေတ်တုန်းကဆိုရင်တော့ drawing board ပေါ်မှာ hand sketch
နဲ့ဆွဲကြမယ်ထင်ပါတယ် (ကျောင်းတုန်းကဆွဲခဲ့တာ သတိရလိုပါ့)
ကဲ ထားပါတော့ ID မှာ drawings ဟာ ဘယ်လောက်အထိအရေးပါသလဲဆိုတာကိုပဲဆက်ပြောပါမယ်။
Drawings
ဟာ ID မှာရယ်လို့ မဟုတ်ပါဘူး industrial နယ်ပယ်တော်တော်များများမှာ အရေးပါ
ပါတယ်။ ID အတွက်ဆိုရင်တော့ ရှေ့မှာပြောထားပြီးဖြစ်သလို Design Implement
ပြီးရင် ၎င်း design ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရန်အတွက် drawings ဟာ
မရှိမဖြစ်ကို အရေးကြီးပါတယ်။ ဘာတွေအတွက် အရေးကြီးသလဲမေးရင် -
အတိုင်းအတာတွေ၊ details တွေ၊ material usages တွေ၊ specifications တွေ၊
စသည့်ဖြင့် အချက်အလက်တွေကိုသိဖို့ရန်အတွက် အရေးကြီးတယ်လို့ပဲ
တိုတိုတုတ်တုတ် ဖြေလိုပါတယ်။ နောက်ထက်အချက်တခုအနေနဲ့ ထည့်ပြောရရင် Budget
Estimate လုပ်ဖို့ရန်အတွက်လည်း drawings ဟာ မရှိမဖြစ်ပါ။
ဒါဆိုရင် drawing မှာ ဘယ်လိုမျိုးတွေခွဲခြားထားသလဲဆိုတာကိုလည်း အကျဉ်းချုပ် ပြောပါမယ်။
1) Tender drawings
2) Construction drawings
3) Shop drawings
4) As-built drawings
ဆိုပြီး လေးမျိုးခွဲထားပါတယ် (အကယ်၍ နောက်ထပ် drawing
အမျိုးအစားများထပ်ရှိခဲ့ရင်လည်း comment မှာသော်၎င်း
အကြံပြုဆွေးနွေးပေးဖို့ တောင်းဆိုပါရစေ)
တစ်ခုချင်းစီ၏ ဘယ်လို၊ ဘယ်အချိန်တွင်အသုံးဝင်ပုံအား သီးခြား post ဖြင် sharing လုပ်ပေးပါမယ်။
August 26, 2020.
0 Comments